ဒီမြို့လေးက ပင်လယ်ဝိုင်းထားတဲ့ ကျွန်းလေးတစ်ကျွန်းပါ သုံးလေးထပ်လောက်ရှိတဲ့ တိုက်ပေါ်ကနေ အရှေ့ နောက်တောင်မြောက်ကြိုက်ရာကိုကြည့်လိုက်ပါ ရေပြင်ကိုတွေ့ ရမယ် နောက် အုန်းပင်တွေကိုတွေ့ ရမယ် ပင်လယ်နဲ့ နီးပေမဲ့ အုန်းရေတွေက ငပလီလို ချောင်းသာလိုချိုဘူးကွယ် ဒီက အစားသောက်တွေက ချိုပြီးတော့ လေးနေတယ် မြန်မာပြည်အလယ်ပိုင်းနေရာတော်တော်များများနဲ့ ယဉ်ကျေးမှု အတော်လေးကွဲတယ် စကားပြောတာ အ၇မ်းပျင်းပုံရတယ် ထမင်းဆို မင်းလို့ သုံးတယ် အားကစားကွင်းကို ကားကွင်းလို့ သုံးတယ် အဲ့လိုပဲ အတော်များများကို ဖြတ်ပြီးသုံးတယ် ကောင်မလေးကောင်လေး ဆိုရင် ကောင်မငယ် ကောင်ငယ် လို့ ငယ်ဆိုတဲ့ အသုံးနှုံးကို သုံးတယ် ပိုက်ဆံကို ကြေးပြားလို့ သုံးတယ် စကားပြောတာ အရမ်းမြန်တာ သူတို့ အချင်းချင်းပြောနေရင် ဘာပြောမှန်းကို မြန်မာ စကားရောဟုတ်ရဲ့လားလို့ ထင်စ၇ာရှိတယ် တစ်ခု ရှိတာ က ကောင်မလေးတွေ ပြောရင် နားထောင်လို့ကောင်းပေမဲ့ ယောက်ျားလေးတွေ မိန်းမကြီးတွေ ပြောရင်းဘယ်လိုမှကို နားထောင်ဖို့ အကြားခတ်တယ် ဒါကြောင့်ထင်ရဲ့ မြတ်စွာဘုရားက ရဟန်းတို့ လောကမှာ ယောက်ျားတစ်ယောက်ကို အစွဲဆောင်နိုင်ဆုံးသော အဆင်း အသံ အနံ့  အထိတွေ့  ဟာ မိန်းမသာလျှင်ဖြစ်တယ် အခြားသော အရာကို ငါဘုရား မြင်တော စက်ခု မံသ ဥာဏ်မြတ်စိနဲ့ မြင်တော်မမူလို့  ဟောထားသကိုးဗျ ရှိစေတော့ရယ် ဘာသာေ၇းကတော့ အသုဘတွေမှာ ရဟန်းသံဂါ တွေဆိုရင် သေဆုံးသွားသူရဲ့  အခေါင်းရဲ့  အ၀တ်စကို ကိုင်ပြီး ကောင်းရာသုဂတိကို ရောက်ပါစေကြောင်းဆုတောင်းပေးရတယ် နာမည်ကြီးဘုရား ဒီဘတ်မှာ သိပ်မရှိဘူး သွားစရာနေရာလဲ သိပ်မရှိဘူး ပျင်းရင် ပင်လယ်ပြင်ကြီးထဲသွားပြီး ငါးမျှားဖို့ တောင် မလွယ်ဘူး နောက် ဒီကလူတွေက ဘာသာရေးကိုလေးစားပေမဲ့ စိတ်မ၀င်စားဘူး ကုလားဗလာလူမျိုးခွဲခြားမှုမရှိဘူး ဒါကိုတော့ကြိုက်တယ် လေးစားတယ် ဟုတ်တယ် ဘာဖြစ်လို့  လူအချင်းချင်း ဘာသာလူမျိုးအယူဆတွေကြောင့်ရန်ဖြစ်နေကြမလဲ တကယ်တော့ ဘာသာရေးတွေ အားလုံး ငြိမ်းချမ်းဖို့ ပဲ မို့လား
ရာသီဥတုကတော့ မိုးမရွာတဲ့ နေ့ မရှိသေးဘူး ရောက်ကတည်းကပေါ့ ဒါပေမဲ့ ကျွန်းမြို့လေးဆိုတော့ရေ၀ပ်တယ်ဆိုတာ မရှိဘူး ကြိုက်သလောက်မိုးရွာပါစေ အားလုံးပင်လယ်ပြင်ကြီးက ၀ဲလ်ကမ်းပေါ့ ဒီကကောင်မလေးတွေက ဆံပင်နီတွေ အ၀ါတွေစိုတာများတယ် ဘယ်လိုပြော၇မလဲ ကြည့်ရတာ မမိုက်ပါဘူး အဲ့ဒါတွေက ကျုပ်တို့ မြေပြန့် မှာ ခေတ်ကုန်နေပြီရယ်
ခေတ်ကတော့ မဆိုးပါဘူးမှီတယ်ပြောရမလား ၀ိုင်ဖိုင် မရှိတဲ့ နေရာသိပ်ရှားတယ် တစ်နေရာရာလမ်းတစ်ထောင့်ထောင့်ကနေ ၀ိုင်ဖိုင်သုံးလို့ ရတာများတယ် ဒါပေမဲ့ မနှစ်ကမှ အင်တာနတ်ဒီက ခေတ်စားတာလို့  သိရပါတယ် နောက်ထပ်တစ်ခုရှိတာက မန်းဒလေးဟာမျိုးမြေပြန့် ကဟာတွေနဲ့  မတူတာ တစ်ခုက ယောက်ျားမိန်းမ သိပ်မခွဲခြားလှဘူး အမှန်တော့ မြေပြန့့်  ကလဲ ခွဲခြားတာရယ်မဟုတ်ပါဘူး သူ့  ဟာသူ အစကတည်းက ယောက်ျားမိန်းမဆိုတာ ကွဲပြီးသား ခြားပြီးသားရယ် မို့ လား သိတယ်နော် ဒါကို မြေပြန့် ကလူတွေက ပိုပြီးကွဲအောင် နည်းနည်းလုပ်တတ်တယ် မြေပြန့် ဘတ်မှာ နေ့ လယ်ခင်း တစ်ခုမှာ လမ်းတစ်ခုပေါ်မှာ မိန်းကလေး တစ်ခုတည်း အဲ့ မိန်းကလေးတစ်ယောက်တည်းလမ်းလျှောက်သွားတာတို့  မရှိဘူးတော့ မဟုတ်ဘူး ရှားတယ် ဒီမှာ တော့ မိန်းကလေးတစ်ယောက်ဟာ လွတ်လွတ်လပ်လပ် လမ်းလျှောက်လို့  ရတယ် လိုက်စတာမျိုး နောက်ပြောင်တာမိုး နှမချင်းမစာနာ ပြောတာမျိုး မရှိဘူးဗျ
အဲ နောက်ကြုံမှ ပဲ မြိတ် အကြောင်းရေးတာပေါ့
အဲ မရေးတာ ကြာပြီ ထပ်ပြီး ဒီမြို့ လေး အကြောင်းရေးလိုက်ဥိးမယ်
ဒီမြိုမှာ အစားအသောက်ကတော့ တကယ်လက်လန်အောင်ကို စားမရတာပါ ကြက်သားဆို ဘယ်လိုချက်လဲ ဆိုတော့ ပေါင်းပြီးချက်ရမယ့် အစား အဲ့ဒါမဟုတ်ဘူး ကြေညပ်နေအောင်ချက်တယ် သူတို့ အလိုကတော့ ပွအောင် စားကောင်းအောင် ချက်တာပေါ့ ဒါပေမဲ့ အချက်လွန်သွားတဲ့ အစားအသောက်တွေကို စားဖူးတယ်မို့ လား ဘယ်လိုစားကောင်းလဲ သူတို့ကိုပြောပြချင်ပါတယ်
အရမ်းချက်ရင် မူးရင်း အာနိသင်တွေမရှိတဲ့ အကြောင်း
နောက် အနံ့ အရသာတွေက အခိုးအငွေ့ ထဲပါသွားတော့တဲ့ အကြောင်း
အကယ်ေ၇ွ့ ပွအောင်ချက်ချင်တယ်ဆို ပေါင်းလိုက်ပါ
ပြောလို့ ပြောတာ မဟုတ်ဘူး ဒါမျိုးတွေ စားနိုင်တာကို အံ့သြတယ်
နောက် တကယ်ကောင်းတဲ့ အစာတွေ မစားထးဒလေရော့လား
သူဟာက အခု ရက်လွန်ဟင်းတွေနဲ့ တူနေတယ် ဘယ်လိုမှစားမကောင်းဘူးခင်မျာ့
... နောက် ရယ်စ၇ာကောင်းတဲ့ အစားသောက်က ရှိသေး တယ်ဗျ အာပုံလို့  ခေါ်တယ်ဆိုပဲ
မုန့် ကို ကြက်သားဟင်းနဲ့ စားရတာ အမေရိကန်အစားသောက်တွေများ အားကျလေသလားတော့မသိပါဘူး ကျုပ်ကတော့ စားလို့ မရဘူး
ထားတော့ အစားအသောက်တွေတော့
ကောင်မလေးတွေ အကြောင်းကတော့ စိတ်ဝင်စားစရာုကောင်းတယ် တက်ယ

No comments:
Post a Comment