စိုင်ကော်ခြုံပေါ်ရောက် စူးဆူး
စူး ဒဏ်လွတ်ရာ တောင်မြောက်တိုး ပိုဆိုးလို့ ပိုလို့သာနာ
အနာပေါ် အနာထပ် အမာတတ်ပေါ် ထပ်လို့ အမာရွတ်
ဒဏ်ရာတွေနဲ့ နေသာကြချိန်
ခြုံက ဆုးတွေလည်း တုံးကုန်ပြီ
ငါ့တွက်တော့ အယားတောင်မပြေတော့ဘူး
အင်း နောက် စိုင်တစ်ကောင်လိုက် ရှာဦးမှ
အကောင်ကလည်း ကြီး ဦးမှ
စူဠလိပ်ရေထဲလွှတ်
Ready: one two three four ation
1 မင်းနွယ်ညီဖွား သားငယ်များ အုတ်အုတ်ကြပ်ကြပ်ကန်ထပ်တတ်ပြေး
2 ပြည့်ရှင်ဒေါပွ ဘာညာကွိကွ
3 ထိုးအခါနှိုက်ရေအရမ်းကြောက်သော အမတ်ကြီးတစ်ဦးသည်
4 ရွေလိပ်ပျို မူဟန်ပို ရေဆိုအသေကြောက်လှလို့ ခယလို့ မျက်၇ည်စို။
CARD (ရွေတောင်ကြား)
ကဗျာတစ်ပုဒ်ဖြစ်ဖို့
အချစ်ကဗျာဆိုရင်ပေါ့
မေတ္တာတွေ အကြင်နာတွေ ဟိုနာနာ ဒီနာနာထား
အပြုံးတွေ အနမ်းတွေ သတိတရလေးတွေကို အမှတ်တရလုပ်
နောက် ထားထာ ကြေကွဲတာတွေ ရက်စက်တာတွေ မုန်းမေ့သွားတာတွေ
ဆက်လိုက် . အသဲတွေ အလျှားလိုက်ကွာ နှလုံးသားတွေ ဒေါက်လိုက်ကွဲ
အရက်ကြိုက်တတ်တယ်ဆို အရက်ဆိုင်ေ၇ာက်လိုက်ဦး
အင်း သူတို့ရေးကြတာတော့ အဲ့လိုချည်းပဲလေ
အချစ်ဗျ
၇င်ဘတ်ထဲက လာတာပါဆိုပြီး အသံဗြဲကြီးနဲ့  မိုက်ရှိတိုင်းအော်
မိုးတွေရွာတာကို မိုးရေမခံပဲ မျက်ရည်ဝိုင်းပြန်သတဲ့
ချို့ ကြတော့ အချစ်က ငန်းတယ်ထားပါဦး သူမှာလဲ နှစ်လုံးရောဂါရှိတယ်ထားပါဦး
စားသုံးသင့်သတဲ့
အချစ်ကင်ဆာက မွေးထားဖို့ လိုတယ်တဲ့
တိုက်ဆိုင်လို့
အချစ်ဆိုတာ သစ်ပင်လေးနဲ့ တူတယ်ဆိုပဲ
ဒီနာမှာ အပြစ်ပေါက်ပြီးရင် အခြားနေရာ ရွေ့ ဖို့  နုတ်လို့ မရတော့ဘူးတဲ့
နုတ်ရင်သေသွားနိုင်တယ် ဆိုပဲ
နောက်တစ်ယောက်က နောက်ဘ၀မှာ သစ်ပင်ပဲဖြစ်ချင်တယ်တဲ့
ထားပါတော့ မျောက်ဖြစ်ချင်တယ် ဆိုတဲ့ သိချင်တောင် ၇ှိသေးတာပဲ
ကျုပ်ကတော့ ရှုပ်ပါတယ် နောက်ဘ၀မှာ ဘုန်းကြီးပဲ ဖြစ်ချင်တယ်
ဘယ်သူ့  မှ ချစ်စရာမလိုတော့ဘူး
ဟိုတစ်ကောင်တော့သနားပါတယ်
နှစ်ယောက်လုံးကလည်း သူ့ ကိုချစ်တယ်
နှစ်ယောက်လုံးကိုလည်း သူက ချစ်တယ်
ကိုယ်ကိုယ်ကိုပဲ သတ်သေပစ်ချင်တယ် ဆိုပဲ

No comments:
Post a Comment