ဒီမြို့  မှာ နေက မြောက်ဘက်က ထွက်ပြီး တောင်ဘက်မှာ ၀င်သွားတယ် သံလိုက်အိမ်မြောင်ရှိမယ်ဆို ရင်လည်း မြှားက အနောက်ဘက်ကို ပြမယ်ထင်တယ် လောလောဆယ်တော့ ဒီအတွက် ပြဿနာမရှိပါဘူး
အရှေ့ ဘက် ကြယ်ကြီးတစ်လုံးက စောစောစီစီအရောင်တွေ တောက်နေတာ အသက်လေးဆယ်ကျော်ဘိုးတော် တစ်ယောက်န့ဲ အဲ့ကြယ်အကြောင်းပြောဖြစ်ကြတော့ သူက အဲ့ဒါကြယ်မဟုတ်ဘူးတဲ့ ခတ်တာ အရှေ့ ဘက်က ထွက်နေတာမို့  ဓူဝံကြယ်လို့ ပြောရအောင်ကလည်း ဒီမြို့မှာ အရှေ့ အနောက်တွေက ဘာတွေ မှန်းမသိဘူး ကျုပ်ကလည်း အရေးထဲ မျက်စိလည်နေသေးတယ်
သူက ကြယ်မဟုတ်ဘူးဆိုတော့ မဟုတ်ဘူးပေါ့ ဘာအရေးလဲ ခုတစ်လောကျုပ်လည်း အငြင်းအခုန်တွေ လုပ်ရတာ ၀ါသနာပါဘူး ခုန်တာဆိုရင် တော့ ဘာမှကို မခုန်ချင်တာ အဓိကကတော့ ရင်ခုန်တာပေါ့
အင်းခတ်တော့နေပြီး ဘာအကြောင်းရေးလိုက်လိုက် ဒီအချစ်အကြောင်းက မပါပဲကို မပြီးနိုင်ဘူးဖြစ်နေတယ် အရေးထဲဆို အဲ့ကောင်မလေးကို သွားသွားသတိရနေတာ သူပြောတဲ့ စကားနဲ့ ပြန်ပြောရမယ်ဆို မုန်းလိုက်တာ ဟုတ်တယ် ကောင်မလေးတစ်ယောက်ကို ရှားးရှားပါးပါး ချစ်ဖူးပါရဲ့ြ ပဿနာက ဖြစ်ပြီ
တော်ပြီ သူ့ အကြောင်း မပြောတော့ဘူး
ဒီမြို့ မှာ ကျုပ်သာ နေလုံးကြီးဆိုရင်လည်း အနောက်ဘက်ကထွက်ပြီး မြောက်ဘက်က ၀င်မှာပဲ အနောက်ဘက်မှာ ညလုံးပေါက် ရေထဲစိမ်နေပြီး အပျင်းပြေ ကောင်းကင်ပေါ်တတ် အုန်းပင်တွေ ကွမ်းပင်တွေက အပေါ်က မိုးထားတဲ့ တိုက်ပုပုလေးတွေကို ကြည့်ပြီး ပြီးရင် မြောက်ဘက်က ပင်လယ်ရေ
ထဲကို ငုပ်သွားလိုက်မယ်
အား နင့်ကို သတိရလိုက်တာ ငါနင့်ကို သတိရတယ်လို့  ပြောတော့ နင်ရှက်နေတာလေးကိုလည်း သတိရလိုက်တာ
အခုလိုလေး လှလှပပ၀တ်ထားတော့ နင်ကအတော်လှတာပဲ ပြောတော့ နင်ရှက်ပြီး ရယ်နေတာလေးကို
သတိရလိုက်တာ အမှတ်လက်ဆောင်ပေးဆိုပြီးလက်ဝါးဖြန့် တောင်းတော့ ဘာမှ ပေးစရာမရှိတဲ့ ငါက
အပလီ အပလာ စကားတွေ ပြောပြီး ဘယ်လို ပျောက်သွားတယ်ဆို တယ်တော့ နင်နှမြောနေတာလေးကို သတိရလိုက်တာ အား.....နင့် ကို သတိရတယ် တော်ပြီး